~~~~~~~
ကောင်းကင်မိုးထက်
ရွှန်းလဲ့ကြည်သာ၊ စန်းသော်တာသို့။
ဤမှာမြေပြင်၊ သားရွှေစင်ကို။
ရှုမြင်ရပါ၊ မိမာတာသည်။
ပူဆာသိမ်း၍၊ ငြိမ်းပေလိမ့်။
ကောင်းကင်မိုးထက်
ရွှန်းလဲ့ကြည်သာ၊ စန်းသော်တာသို့။
ဤမှာမြေပြင်၊ သားရွှေစင်ကို။
ရှုမြင်ရပါ၊ ဖပိတာသည်။
ပူဆာသိမ်း၍၊ ငြိမ်းပေလိမ့်။
ကောင်းကင်မိုးထက်
ရွှန်းလဲ့ကြည်သာ၊ စန်းသော်တာသို့။
ဤမှာမြေပြင်၊ ရွှေရုပ်သွင်ကို။
ရှုမြင်သမူ၊ အိမ်နေသူသည်
“ပူဆာသိမ်း၍၊ ငြိမ်းပေလိမ့်”
“ပူဆာသိမ်း၍၊ ငြိမ်းပေလိမ့်” ။ ။
No comments:
Post a Comment
winnaing007.mm@gmail.com