အာရဒ္ဓပ္ပကာရဒဿနတ္ထေ နိပါတော ဟူသော သံဝဏ္ဏနာပါဌ်ဖြင့် သေယျထိဒံကို
သေယျံ+ဣဒံ ဟု ပုဒ်ဖြတ်ရသော နာမ်ပုဒ်မဟုတ် နိပါတ်ပုဒ်၏ အဖြစ်ကို၎င်း ၊
ယင်းနိပါတ်၏ အာကာရပုစ္ဆာ သရူပပုစ္ဆာ နှစ်ပါးတို့တွင် သရူပပုစ္ဆာ အနက်၌ ဖြစ်သည်၏ အဖြစ်ကိုလည်းကောင်း ၊ သရူပပုစ္ဆာ ဟူသည် အောက်မေ့ခြင်းငှာ
အားထုတ်အပ်သော ပုဗ္ဗေနိဝါသ၏ နာမဂေါတ္တအစရှိသော အပြားတို့ကို မေးခြင်းပင်တည်း ဟူသော အဓိပ္ပါယ်ကိုလည်းကောင်း နိပါဒလိင်္ဂပဒ နိပါတလိင်္ဂတ္ထ
ဘာဝတ္ထ သံဝဏ္ဏနာ သိစေပါသည်။
ဧကမ္ပိ ဇာတိန္တိ ဧကမ္ပိ ပဋိသန္ဓိမူလံ စုတိပရိယောသာနံ ဧကဘဝပရိယာပန္နံ ခန္ဓသန္တာနံ။ ဟူသောသံဝဏ္ဏနာပါဌ်ဖြင့် ဇာတိအရ မွေးချိန်မှစ၍ သေချိန်အတွင်းကို
မယူရ ဇာယတီတိ ဇာတိဟု ဝစနတ္ထပြု၍ ပဋိသန္ဓေလျှင်အရင်းရှိသော စုတိလျှင်အဆုံးရှိသော တခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာ၏အစဉ်ကို ယူရမည်၏ အဖြစ်ကိုသိစေပါသည် ဘာဝတ္ထသံဝဏ္ဏနာ သိစေပါသည်။
No comments:
Post a Comment
winnaing007.mm@gmail.com