Monday, July 27, 2015

ပါရာဇိကဏ် ဋ္ဌ ၁၂၈ အာဘ်ေသံဝဏ္ဏနာ ဒုတိယတပိုင်း

                                    ပရိဟာယမာနော ကပ္ပေါဟူသော သံဝဏ္ဏနာ
ပါဌ်ဖြင့် သံဝဋ္ဋကပ္ပေ၌ သံဝဋ္ဋပုဒ်ကို သံဝဋ္ဋတိ ဝိနဿတီတိ သံဝဋ္ဋောဟု ကတ္တုသာဓန ဝစနတ္ထပြုရမည်၏ အဖြစ်ကိုလည်းကောင်း၊ အ-ပစ္စည်းကတ္တုသာဓန
အနက်၌ သတ်သည်၏ အဖြစ်ကိုလည်းကောင်း ၊ သံ ရှေရှိသော ဝဋ္ဋဓာတ်သည်
ပရိဟာယမာန ( ဝိနဿမာန ) အနက်ဟောသည်၏ အဖြစ်ကိုလည်းကောင်း။
သံဝဋ္ဋော ကပ္ပေါ သံဝဋ္ဋကပ္ပေါဟု ဝစနတ္ထပြုရမည် အဖြစ်ကိုလည်းကောင်း။
အမှာ ။   ။ ဤနေရာ၌ သံဝဏ္ဏေတဗ္ဗက ဗဟုဝုစ် သံဝဏ္ဏနာက ဧကဝုစ် ဖြင့်ဖွင့်ပြသည် ထို့ကြောင့် ဧကဝုစ်ဝဂ္ဂဟ ပြုသည် အခြားနေရာတွေ့လျှင်လည်း ဤ
နည်းကို နည်းယူပါလေ။

               ပရိဟာယမာနောကပ္ပေါ၌ ကပ္ပအရ အသင်္ချေယျ ကပ်ကိုယူရမည်၊ ထို
အသင်္ချေယျကပ်ဟူသည် ကာလပညတ်တမျိုးဖြစ်သည် ယင်းကာလပညတ်သည် ပျက်ဆီခြင်းသဘောမရှိ သို့သော် ကာလဝန္တဖြစ်သော သင်္ခါရတရားများက ပျက်ဆီးတတ်၏ ၊ ယင်းသို့ ပျက်ဆီးသော သင်္ခါရတရားများကို ရည်ရွယ်၍ ဥပစာအားဖြင့် ပရိဟာယမာနောဟု အဋ္ဌကထာဆရာ ဆိုသည်။
           ဌာန ဖြစ်သော အသင်္ချေယျကပ်၏ ကပ္ပဟူသော အမည်ကို 
           ဌာနီ ဖြစ်သော သင်္ခါရတရားတို့၌ တင်စား၍  ဌာနူပစာ / နာနန္တရိကနည်း
           ကေပၸါတိ အသေခ်ၤယ်ကေပၸါ။ သော ပန အတ္ထတော ကာလော, တဒါ ပဝတ္တမာနသင်္ခါရဝသေနဿ ပရိဟာနိ ဝေဒိတဗ္ဗာ။  ( သာရတ္ထ-၃၉၀ )

           အနေကေပိ သံဝဋ္ဋကပ္ပေစသည်၌ သံဝဋ္ဋကပ္ပေ ဝိဝဋ္ဋကပ္ပေ ပုဒ်တို့ကို ဧကဒေသူပစာကြံရမည်။
           အစိတ်ဖြစ်သော သံဝဋ္ဋအသင်္ချေယျကပ်၏ 
           အပေါင်းဖြစ်သော သံဝဋ္ဋအသင်္ချေယျကပ် သံဝဋ္ဋဌာယီအသင်္ချေယျကပ်တို့၌
တင်စား၍ ( ဧကဒေသူပစာ )

         အထူးမှာကြားချက် ။  ။ ဝါပ စာဝါသိမ်းသွားပါပြီ ဝါတွင်းအတွက် ဆရာအပြောင်းအလဲ ရှိသည်။

No comments:

Post a Comment

winnaing007.mm@gmail.com