မစိုးရိမ်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ၏ ထေရုပ္ပတ္တိကထာ
ဖွားရာဇာတိ
ဆရာတော် လောင်းလျာကို မတ္တရာအပိုင် ပေါက်ဝဲရွာ
အဖဦးသော့ အမိဒေါ်ညိမ်တို့မှ သီပေါမင်းသားနန်းတက်ပြီး
တစ်နှစ်ကျော်ကြာ ၁၂၄၁-ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်
(၉)ရက် (၁၈၇၉-ခုနှစ်၊နိုဝင်ဘာလ ၆ ရက်) ၃ ချက်တီးကျော်
(၁ဝ) ရက် သောကြာနေ့သို့ အဝင် ကောင်းမြတ်သော
မင်္ဂလာအချိန်တွင် ဆရာတော် လောင်းလျာကို ဖွားမြင်
တော်မူခဲ့ပါသည် ။ ငယ်နာမည် မောင်လှိုင် ဖြစ်သည်။
မွေးချင်း ရှစ်ယောက်ရှိသည့် အနက် မောင်လှိုင်သည်
အငယ်ဆုံး အထွေးဆုံးသား ရတနာဖြစ်ပါသည်။ မွေးချင်း
မောင်နှမရှစ်ယောက်တို့၏ ကြီးစဉ်ငယ်လိုက်အမည်များမှာ
၁။ ဒေါ်ညှက်
၂။ ဦးဖိုးဆက်
၃။ ဦးဖိုးချက်
၎။ ဒေါ်နွဲ့ (သီလရင်)
၅။ ဒေါ်ဖက်
၆။ ဒေါ်ပု
၇။ ဦးလှ
၈။ ဦးလှိုင်(ဆရာတော်) တို့ဖြစ်ကြပါသည်။
အပြည့်အစုံဖတ်ရှုရန် အောက်ပါ စာအုပ်ကို ဝင်ရောက် ဖတ်နိုင်ပါသည်။
မစိုးရိမ်ဆရာတော်၏ထေရုပ္ပတ္တိ.pdf

No comments:
Post a Comment
winnaing007.mm@gmail.com